စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးသုတေသနဦးစီးဌာန သုတေသနစာတမ်းများဖိတ်ခေါ်ယူခြင်း
မွေးမြူရေးသုတေသနဦးစီးဌာန၊ ရေဆင်းနေပြည်တော်၌ တတိယအကြိမ်မြောက် မွေးမြူရေးဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို (၁-၄-၂၀၂၄)ရက်တွင် " Towards Sustainable Food System through Collaboration in Livestock and Aquaculture Research" "စားရေရိက္ခာရေရှည်တည်တံ့ဖူလုံဖို့သားငါးသုတေသနပူးပေါင်းဆောင်ရွက်စို့" ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ဈေးကွက်ဝင် တန်ဖိုးမြှင့်မွေးမြူရေးထုတ်ကုန်ဆိုင်ရာများ ရေရှည်တည်တံ့စေမည့် မွေးမြူထုတ်လုပ်ရေးနည်းစနစ်ဆိုင်ရာများ၊ တိရစ္ဆာန်အစာနှင့် အာဟာရဗေဒဆိုင်ရာများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာများ၊ မွေးမြူရေးအခြေပြုလူမှုစီးပွားရေးဆိုင်ရာနယ်ပယ်များ