အဓိကအကြောင်းအရာသို့ သွားမည်
x

 မွေးမြူရေးသုတေသနဦးစီးဌာန၊ ရေဆင်းနေပြည်တော်၌ တတိယအကြိမ်မြောက် မွေးမြူရေးဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို (၁-၄-၂၀၂၄)ရက်တွင် " Towards Sustainable Food System through Collaboration in Livestock and Aquaculture Research" "စားရေရိက္ခာရေရှည်တည်တံ့ဖူလုံဖို့သားငါးသုတေသနပူးပေါင်းဆောင်ရွက်စို့" ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ဈေးကွက်ဝင် တန်ဖိုးမြှင့်မွေးမြူရေးထုတ်ကုန်ဆိုင်ရာများ ရေရှည်တည်တံ့စေမည့် မွေးမြူထုတ်လုပ်ရေးနည်းစနစ်ဆိုင်ရာများ၊ တိရစ္ဆာန်အစာနှင့် အာဟာရဗေဒဆိုင်ရာများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာများ၊ မွေးမြူရေးအခြေပြုလူမှုစီးပွားရေးဆိုင်ရာနယ်ပယ်များမှ သုတေသန စာတမ်းများကို (၂၀-၁၂-၂၀၂၄)ရက် နောက်ဆုံးထား၍ တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်နှိုးဆော်အပ်ပါသည်။

အသေးစိတ်ကို ဦးစီးဌာန Website လိပ်စာ https://dlar.moali.gov.mm တွင်လည်းကောင်း၊ ဒေါက်တာဆောဘောမ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဖုန်း-၀၉၂၅၀၂၀၅၉၉၀၊ email [email protected] သို့လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။