Skip to main content
x

၁။    မွေးမြူရေးသုတေသနဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူ ဝယ်ယူမည့် အောက်ဖော်ပြပါ လုပ်ငန်းသုံးစက်ပစ္စည်း (၁)မျိုးဖြစ်သည့် နွားစာထုံးစက်/ မြက်ချဉ်ဖတ်ထုံးစက် (Silage Packing Mechine (3300mm× 1550mm× 1500mm) Compression Chamber - Roller Type, Power of Supporting Main Motor - 5.5 KW (1)No အတွက် မြန်မာကျပ်ငွေဖြင့် ဈေးနှုန်းအဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း ကြေညာအပ်ပါသည်။
၂။    ဈေးနှုန်းအဆိုပြုလွှာပုံစံများကို မွေးမြူရေးသုတေသနဦးစီးဌာန၊ စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေး ဌာနခွဲ၊ ဖြည့်တင်းသိုလှောင်ရေးနှင့် မွေးမြူရေးအင်ဂျင်နီယာဌာနစုတွင် (၂-၄-၂၀၂၄) ရက်မှစ၍ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး (၈-၄-၂၀၂၄)ရက်တွင် တင်ဒါပုံစံများကို ပိတ်သိမ်း၍ 1% P.O Cheque လက်ခံမည်ဖြစ်ကာ အိတ်ဖွင့်တင်ဒါဖွင့်လှစ်မည့်ရက်ကို အချိန်မီအကြောင်းကြားသွားမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက ဖုန်းအမှတ် ၀၆၇-၃၄၁၆၅၄၄ နှင့် ၀၉-၉၇၉၆၉၆၈၅၂ သို့ ဆက်သွယ်စုံစမ်း နိုင်ပါသည်။