Skip to main content
x

သုတေသနနည်းပညာဖွံ့ဖြိုးရေးသင်တန်း(ငါး၊ ပုစွန်အာဟာရ)အမှတ်စဉ်(၁)ဖွင့်လှစ်ခြင်း

သုတေသနနည်းပညာဖွံ့ဖြိုးရေးသင်တန်း(ငါး၊ ပုစွန်မွေးမြူရေး)အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို (၂၆-၈-၂၀၂၄)ရက် (တနင်္လာနေ့) နံနက်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရုံးချုပ်) Auditorium ခန်းမ၌ ကျင်းပပါသည်။

          အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လယ်ယာ၊ သား၊ ငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေးအတွက် မွေးမြူရေးကဏ္ဍတွင် အသုံးချသုတေသန နှင့် တီထွင်ဆန်းသစ်မှုကိုအလေးပေးသည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ သုတေသနလုပ်ငန်းများ အရှိန်အဟုန်ဖြင့်  ဟန်ချက်ညီစွာဖော်ဆောင်နိုင်ရန် လိုအပ်သည့် အထောက် အကူပစ္စည်းများ ပြည့်စုံစေရေး၊ နည်းစနစ်များကို စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရေးနှင့် စွမ်းဆောင်ရည်ပြည့်ဝမှုရှိသည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး (Human Resource Development -HRD)အစီအမံများကို ဝန်ကြီးဌာနအနေဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းမှ ရရှိလာသည့် အခြေခံအချက်အလက်များ၊ နည်းလမ်းများအပေါ်မူတည်ပြီး ပိုမိုကျွမ်းကျင်မှု ရှိလာစေ ရေး စဉ်ဆက်မပြတ် ဆက်လက်လေ့လာဆည်းပူးသွားကြရန် တိုက်တွန်းပါကြောင်းပြောကြားပြီး မွေးမြူရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နီလာကြွယ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းတင်ပြပါသည်။

          အဆိုပါသင်တန်းကို (၂၆-၈-၂၀၂၄)ရက်မှ (၃၀-၈-၂၀၂၄)ရက်ထိ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချသွား မည်ဖြစ်ပြီး သင်တန်းသို့  မွေးမြူရေးသုတေသနဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ In Person ဖြင့် သင်တန်းသား၊ သင်တန်းသူ(၂၂)ဦးနှင် Online ဖြင့် (၁၈)ဦး တက်ရောက်ကြကြောင်း သတင်းရရှိပါ သည်။