အဓိကအကြောင်းအရာသို့ သွားမည်
x

သုတေသနနည်းပညာဖွံ့ဖြိုးရေးသင်တန်း(ငါး၊ ပုစွန်မွေးမြူရေး)အမှတ်စဉ်(၁)ဖွင့်လှစ်ခြင်း

သုတေသနနည်းပညာဖွံ့ဖြိုးရေးသင်တန်း(ငါး၊ ပုစွန်မွေးမြူရေး)အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနား

ကို (၂၅-၆-၂၀၂၄)ရက် (အင်္ဂါနေ့) နံနက်(၉)နာရီ (၃၀)မိနစ်အချိန်တွင် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန(ရုံးချုပ်) Auditorium ခန်းမ၌ကျင်းပပါသည်။

          အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးသုတေသနဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်နီလာကြွယ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းအပေါ် အထောက်အကူပြုနိုင်မှုများကို ရှင်းလင်းတင်ပြပါသည်။

          အဆိုပါသင်တန်းကို မွေးမြူရေးသုတေသနဦးစီးဌာနက သုတေသနနည်းပညာဖွံ့ဖြိုးရေး သင်တန်းအဖြစ် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပြီး သင်တန်းသို့ မွေးမြူရေးသုတေသနဦးစီးဌာန(ရုံးချုပ်)ရှိ ဝန်ထမ်း(၁၈)ဦးနှင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အ​ပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ မွေးမြူရေးသုတေသနစခန်းများမှ တက်ရောက်သူ(၁၇)ဦး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်း(၅)ဦး စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ပြီး (၂၅-၆-၂၀၂၄)ရက်မှ (၂၈-၆-၂၀၂၄)ရက်ထိ (၄)ရက်ကြာ ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း  သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။