အဓိကအကြောင်းအရာသို့ သွားမည်
x

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသင်တန်း(Website စီမံခန့်ခွဲမှု) အမှတ်စဉ်(၁)ဖွင့်လှစ်ခဲ့ခြင်း

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသင်တန်း (Website စီမံခန့်ခွဲမှု) အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို (၂၈-၅-၂၀၂၄)ရက် (အင်္ဂါနေ့) နံနက်(၁၀)နာရီတွင်

မွေးမြူရေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်း က အဖွင့်အမှာစကားပြောကြားပြီး ITSEC Myanmar Co., Ltd. မှ ဒါရိုက်တာ ဦးအောင်ထက်ခိုင်က သင်ကြားမည့်ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

          အဆိုပါသင်တန်းကို (၂၈-၅-၂၀၂၄)ရက်မှ (၃၀-၅-၂၀၂၄)ရက်ထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ဒေါက်တာလှိုင်မင်းဦးက Microsoft Word၊ Microsoft Excel၊ Microsoft Power Point အခြေခံအသုံးပြုနည်းနှင့် ITSEC Myanmar Co., Ltd. မှ သင်တန်း ဆရာ(၂) ဦးက Website အသုံးပြုသူများ သိသင့်သည့်အချက် အလက်များ (Website User Guide) ကို သင်ကြားပို့ချကာ မွေးမြူရေးသုတေသနဦးစီးဌာန(ရုံးချုပ်)မှ သင်တန်းသား/သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ပါသည်။