အဓိကအကြောင်းအရာသို့ သွားမည်
x

သုတေသနနည်းပညာဖွံ့ဖြိုးရေးသင်တန်း(နွားမေထုန်မဲ့သားစပ်နည်း)အမှတ်စဉ်(၁)ဖွင့်လှစ်ခြင်း

မွေးမြူရေးသုတေသနဦးစီးဌာနက ဖွင့်လှစ်သည့် သုတေသနနည်းပညာဖွံ့ဖြိုးရေးသင်တန်း (နွားမေထုန်မဲ့သားစပ်နည်း) အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို (၂၂-၇-၂၀၂၄)ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန Auditorium ခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊  သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆောဘောမ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ မွေးမြူရေးသုတေသနဦးစီးဌာန၏ သုတေသနလုပ်ငန်းစဉ်(၈)ရပ်အနက် မျိုးမွေးမြူ ထိန်းသိမ်းခြင်း၊ မျိုးကောင်းမျိုးသန့်အသစ်များဖော်ထုတ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းစဉ်အရ မြန်မာနိုင်ငံ၏ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီ၍ ရောဂါဒဏ်ခံနိုင်ပြီး ထုတ်လုပ်မှုကောင်းမွန်သည့် ဒေသအသားစား/ နို့စားနွား မျိုးကောင်းမျိုးသန့်များ မွေးမြူထုတ်လုပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင် ရွက်ရာတွင် မေထုန်မဲ့သားစပ်ခြင်းကို နည်းစနစ်တကျနှင့် ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နိုင်စေ မည့်အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ “သုတေသနနည်းပညာဖွံ့ဖြိုးရေးသင်တန်း (နွားမေထုန်မဲ့သားစပ်နည်း)” ဖွင့်လှစ်ခြင်းအားဖြင့် မွေးမြူရေးသုတေသနလုပ်ငန်းများတွင် အကျိုးပြု ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မွေးမြူထုတ်လုပ်မှုစနစ် ထွန်းကားလာစေကာ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်သာမက နိုင်ငံ့စီးပွားရေးကို တိုက်ရိုက်အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း  ရှင်းလင်းတင်ပြပါသည်။

          အဆိုပါသင်တန်းကို (၂၂-၇-၂၀၂၄)ရက်မှ (၂၆-၇-၂၀၂၄)ရက်ထိ (၅)ရက်ကြာ ကျင်းပပြုလုပ် မည်ဖြစ်ပြီး မွေးမြူရေးသုတေသနဦးစီးဌာနနှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ သင်တန်းသား၊ သင်တန်းသူ(၂၁)ဦးတက်ရောက်ကြောင်း သိရှိရပါသည်။