အဓိကအကြောင်းအရာသို့ သွားမည်
x

၁။    မွေးမြူရေးသုတေသနဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူ ဝယ်ယူမည့် အောက်ဖော်ပြပါ ရုံးသုံးစက်ပစ္စည်း(၁)မျိုး ဖြစ်သည့် Desktop Computer, Keyboard, Mouse (6)Nos အတွက် မြန်မာကျပ်ငွေဖြင့် ဈေးနှုန်း အဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း ကြေညာအပ်ပါသည်။
၂။    ဈေးနှုန်းအဆိုပြုလွှာပုံစံများကို မွေးမြူရေးသုတေသနဦးစီးဌာန၊ စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေး ဌာနခွဲ၊ ဖြည့်တင်းသိုလှောင်ရေးနှင့် မွေးမြူရေးအင်ဂျင်နီယာဌာနစုတွင် (၂-၄-၂၀၂၄) ရက်မှစ၍ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး (၈-၄-၂၀၂၄)ရက်တွင် တင်ဒါပုံစံများကို ပိတ်သိမ်း၍ 1% P.O Cheque လက်ခံမည်ဖြစ်ကာ အိတ်ဖွင့်တင်ဒါဖွင့်လှစ်မည့်ရက်ကို အချိန်မီအကြောင်းကြားသွားမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက ဖုန်းအမှတ် ၀၆၇-၃၄၁၆၅၄၄ နှင့် ၀၉-၉၇၉၆၉၆၈၅၂ သို့ ဆက်သွယ်စုံစမ်း နိုင်ပါသည်။